“MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် AI နည်းပညာများကို အခြေပြုပြီး ပြခန်းပြကွက်များ ပြသမည်”
05 Feb
ပြည်ထောင်စုနေ့အထိမ်းမှတ် MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်ကို နေပြည်တော်ပြည်သူ့ရင်ပြင်မှာ ဖေဖော်ဝါရီလ ၈ ရက်ကနေ ၁၃ ရက်ထိကျင်းပမည်ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ သိရပါတယ်။ အဆိုပါပြပွဲမှာ သိပွံနှင့်နည်းပညာဝန်ကြီးဌာနမှ ဝင်ရောက်ပြသမည်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေး ထွက်ကုန် အခြေပြုတဲ့ စက်မှုကုန်ကြမ်းလုပ်ငန်းများ၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် AI နည်းပညာကို အခြေပြုပြီးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မှာ ပြကွက်များပါဝင်မည်ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ က ပြောကြားခဲ့ပါတယ်။ ဝန်ကြီးဌာနအနေနဲ့ Digital Corner ပြခန်းကို ထည့်သွင်းပြမည်ဖြစ်ပြီး AI နည်းပညာကို အသုံးပြုတဲ့ ပြကွက်များပါဝင်မည်ဖြစ်သကဲ့သို့ ပြကွက် ၁၀ ခု ထားရှိမည်ဖြစ်ကြောင်းလည်း သိရပါတယ်။ AI နည်းပညာ အသုံးပြုပြီး MSME ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်ထိရောက်ရှိနိုင်အောင် ဆောင်ရွက်နိုင်တဲ့နည်းလမ်းများနှင့် ပတ်သက်တဲ့ ပြခန်းပြကွက်များကိုလည်း ထည့်သွင်းထားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)