“ပြည်ထောင်စုနေ့အခမ်းအနားအတွက် လမ်းအချို့အား ခေတ္တလမ်းပိတ်ထားမည့်”
05 Feb
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို လာမယ့်ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြည်သူ့ရင်ပြင်မှာ အစမ်းလေ့ကျင့်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက်မှာလည်း ကျင်းပမည်ဖြစ်ကြောင်းနှင့် အခမ်းအနားစတင်ကျင်းပချိန်မှ ပြီးသည်အထိ ပြည်လမ်းကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးထုတ်ပြန် ထားပါတယ်။ ပြည်လမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာသောယာဉ်များက မြေနီကုန်းတံတားအောက်မီးပွိုင့်မှာ ညာဘက်သို့ချိုး၍ အောက်ကြည့်မြင်တိုင်လမ်းသို့လည်းကောင်း၊ ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင် လာသောယာဉ်များက ပြည်ထောင်စုရိပ်သာလမ်းသို့ ချိုးကွေ့၍ ခရေပင်လမ်း အလုံလမ်းမှတစ်ဆင့် အောက်ကြည့်မြင်တိုင် လမ်းသို့လည်းကောင်း၊ ဆက်လက်မောင်းနှင်ကြရန်လည်း တိုင်းအစိုးရအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။ (NVS 004)
05 Feb