“ရွေးကောက်တင်မြှောက်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ်စာရင်း UEC ထုတ်ပြန်”
04 Feb
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နှင့် ဇန်နဝါရီလ ၂၅ ရက်တို့က မဲဆန္ဒနယ် ၆၈၈ နယ်တို့တွင် အပိုင်းလိုက်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက်ခြင်းခံရသော လွှတ်တော် ကိုယ်စားလှယ်စာရင်းချုပ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဖေဖော်ဝါရီလ ၃ ရက်က ထုတ်ပြန်ခဲ့ ပါတယ်။ UEC ၏ထုတ်ပြန်ချက်အရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလူမျိုးတို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မှ ၇၃၉ ဦးနဲ့ အများဆုံး ရွေးကောက် တင်မြှောက်ခံခဲ့ရပါတယ်။ ဒါ့အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၆၈ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ၃၉ ဦး၊ ပြည်သူ့ပါတီ ၃၀ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီ ၂၀ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ ၁၈ ဦး၊ မွန်ညီညွတ်ရေးပါတီ ၁၇ ဦး၊ နာဂအမျိုးသားပါတီ ၁၂ ဦး၊ ရခိုင့်ဦးဆောင်ပါတီ ၈ ဦး၊ ကရင်အမျိုးသားဒီမိုကရက်တစ် ပါတီ ၇ ဦးတို့လည်း ရွေး ကောက်တင်မြှောက်ခံခဲ့ရပါတယ်။ ဇိုမီးအမျိုးသားပါတီ ၇ ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ၆ ဦး၊ ရခိုင်တိုင်းရင်းသား များပါတီ ၆ ဦး၊ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ၅ ဦး၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ ၅ ဦး၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ၄ ဦး၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ ၄ ဦး၊ ကယားပြည်နယ် ပြည်သူ့ပါတီ ၃ ဦး၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ ၃ ဦး၊ ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီ၃ ဦး၊ ဖက်ဒရယ်ဒီမိုကရက် တစ်ပါတီ ၃ ဦး၊ ကရင်ပြည်သူ့ပါတီ ၃ ဦးတို့လည်း ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)၂ဦး၊ ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီ၂ ဦး၊ ဖလုံ-စဝေါ် ဒီမိုကရက်တစိပါတီ ၂ ဦး၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ ၂ ဦး၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ ၂ ဦးတို့လည်းရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီ ၁ ဦး၊ ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတက်ရေးပါတီ ၁ ဦး၊ အာခါအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ ၁ ဦး၊ "ဝ"အမျိုးသားပါတီ ၁ ဦး၊ တစ်သီးပုဂ္ဂလ ၁ ဦးတို့လည်း ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။ (NVS 004)