“ဘယ်လင်ဟမ် ရဲ့ ဒဏ်ရာအခြေအနေကို စောင့်ကြည့်နေ”
04 Feb
တံကောက်ကြောဒဏ်ရာရခဲ့တဲ့ ကွင်းလယ်လူ ဘယ်လင်ဟမ် ရဲ့ ဒဏ်ရာအခြေအနေ အသေးစိတ်ကို ရီးရဲလ်အသင်း စောင့်ကြည့်နေပြီး အင်္ဂလန်အသင်းကလည်း ဘယ်လင်ဟမ် ရဲ့ သတင်းကို စိုးရိမ်တကြီးစောင့်ဆိုင်း နေပါတယ်။ အသက် ၂၂ နှစ်အရွယ် ဘယ်လင်ဟမ် ဟာ ဗယ်လီကာနိုအသင်းကို အနိုင်ရရှိတဲ့ပွဲစဉ်မှာ ပွဲချိန် ၁၀ မိနစ်မှာတင် ဒဏ်ရာရခဲ့တာဖြစ်ပြီး အသင်းဖော် ဘရာဟင်ဒီယက်ဇ် နဲ့ လူစားလဲလိုက်ရတာဖြစ်ပါတယ်။ အင်္ဂလန်အသင်းက မတ်လ ၂၇ ရက်မှာ ဥရုဂွေး၊ မတ်လ ၃၁ ရက်မှာ ဂျပန်အသင်းတွေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ခြေစမ်းပွဲ ကစားဖို့စီစဉ်ထားတာ ဖြစ်ပါတယ်။ ရီးရဲလ်နည်းပြ အာဘီလိုအာ က ဒဏ်ရာကြောင့် ဘယ်လင်ဟမ် ကို လက်လွှတ်ရမယ့် ကိစ္စက ရီးရဲလ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ဘယ်လင်ဟမ် အနေနဲ့ ကာလရှည်အနားယူရမယ် ဆိုရင် မတ်လမှာ ကစားရမယ့် အင်္ဂလန်အသင်းရဲ့ခြေစမ်းပွဲတွေကို လွဲချော်ရမှာဖြစ်သလို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းရဲ့ ပွဲထွက်စာရင်းမှာ ပါဝင်ခွင့်ကိုပါ ထိခိုက်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ (NVS 008)