“သမိုင်းသစ်များရေးထိုးရန် ဆန္ဒရှိနေတဲ့ အယ်ကာရက်ဇ်”
04 Feb
ဩစတြေးလျအိုးပင်း ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် ဂရင်းစလမ်ပြိုင်ပွဲ ၄ ခုလုံးရဲ့ ချန်ပီယံဆုကို ရယူနိုင်တဲ့ အသက်အငယ်ဆုံး တင်းနစ်သမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ စပိန်တင်းနစ်သမား အယ်ကာရက်ဇ် က နောက်ထပ် သမိုင်းသစ်တွေ ရေးထိုးဖို့ ဆန္ဒရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဩစတြေးလျအိုးပင်းဗိုလ်လုပွဲမှာ ဂျိုကိုဗစ် ကို အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုရယူနိုင်ချိန်မှာ အယ်ကာရက်ဇ် ရဲ့ အသက်က ၂၂ နှစ်နဲ့ ၂၇၂ ရက်သာရှိသေးတာဖြစ်ပြီး ဂရင်းစလမ်ပြိုင်ပွဲ ၄ ခုလုံးရဲ့ ချန်ပီယံဆုကို ရယူနိုင်တဲ့ ၉ ယောက် မြောက် အမျိုးသားတင်းနစ်သမားလည်း ဖြစ်ခဲ့ပါတယ်။ အယ်ကာရက်ဇ်နဲ့ ဂျိုကိုဗစ်တို့ရဲ့ ဗိုလ်လုပွဲက ပွဲကစားချိန် ၃ နာရီနဲ့ ၂ မိနစ် ကြာမြင့်ခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ အယ်ကာရက်ဇ် က ၂-၆၊ ၆-၂၊ ၆-၃၊ ၇-၅ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ (NVS 008)
04 Feb