“ရက်စ်ကဲ ကို နွေရာသီမှာခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တဲ့ လီဗာပူးလ်အသင်း
04 Feb
လီဗာပူးလ်အသင်းဟာ ရန်းစ်အသင်းက ပြင်သစ်လူငယ်နောက်ခံလူ ဂျရမီ ရက်စ်ကဲ ကို နွေရာသီမှာခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပါတယ်။ အသက် ၂၀ အရွယ်လူငယ်ကစားသမား ရက်စ်ကဲ အနေနဲ့ လာမယ့်နွေရာသီကာလကျမှ လီဗာပူးလ်အသင်းနဲ့ လာရောက်ပူးပေါင်းမှာ ဖြစ်ပါတယ်။ ရက်စ်ကဲ ရဲ့ကနဦးပြောင်းရွှေ့ကြေးက ပေါင် ၅၅ သန်းနဲ့ အပိုဆုကြေး ပေါင် ငါးသန်း ရရှိမယ်လို့ သိရပါတယ်။ ရက်စ်ကဲ ဟာ လီဗာပူးလ်အသင်းနဲ့ ၂၀၃၁ ခုနှစ်အထိ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။ ရက်စ်ကဲအနေနဲ့ အခုရာသီမှာ ရန်းစ်အသင်းအတွက် ၁၈ ပွဲ ကစားပေးထားပါတယ်။ အခုအပြောင်းအရွှေ့ကာလအတွင်း ချဲလ်ဆီးအသင်းနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် လီဗာပူးလ်ရဲ့ ကမ်းလှမ်းမှုကို ကျော်လွန်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ (NVS 008)
04 Feb