“ချဲလ်ဆီးအသင်းကို အနိုင်ရယူပြီး ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်း”
04 Feb
အာဆင်နယ်အသင်းရဲ့နည်းပြ အာတီတာ က လိဂ်ဖလားပြိုင်ပွဲမှာ ချဲလ်ဆီးအသင်းကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ လိဂ်ဖလားဆီမီးဖိုင်နယ်ဒုတိယအကျော့မှာ ချဲလ်ဆီးအသင်းကို ၁ ဂိုး၊ ဂိုးမရှိနဲ့ ထပ်မံအနိုင်ရရှိခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၄ ဂိုး ၂ ဂိုးနဲ့ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အာတေတာဟာ အာဆင်နယ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၆ နှစ်ကျော်ကာလအတွင်းမှာ FA ဖလားတစ်ကြိမ်သာ ရယူနိုင်ခဲ့ပြီး ပြိုင်ပွဲစုံမှာ နောက်ဆုံး ၄ ကြိမ်ဆက်တိုက် ဆီမီးဖိုင်နယ်အဆင့်ကနေ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့် ဒီတစ်ကြိမ်က အာတေတာအနေနဲ့ ဗိုလ်လုပွဲကို ဒုတိယအကြိမ်ရောက်ရှိအောင် စွမ်းဆောင် နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)
04 Feb