“လွတ်ခ်မန်း ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့ အက်သလက်တီကိုအသင်း”
03 Feb
အက်သလက်တီကိုအသင်းက အတ္တလန်တာအသင်းရဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး လွတ်ခ်မန်း ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ လွတ်ခ်မန်း ဟာ လက်ရှိအချိန်မှာ မက်ဒရစ်မြို့ကို ရောက်ရှိနေပြီဖြစ်ပြီး ဆေးစစ်မှုပြုလုပ်ပြီးရင် အက်သလက်တီကိုအသင်းနဲ့ စာချုပ်ချုပ်ဆိုမယ်လို့ သိရပါတယ်။ အက်သလက်တီကိုအသင်း က လွတ်ခ်မန်းအတွက် ကနဦးပြောင်းရွှေ့ကြေးယူရို ၃၅ သန်းနဲ့ အပိုဆုကြေး ယူရို ၅ သန်းပေးချေရမှာဖြစ်ပြီး ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် လွတ်ခ်မန်း ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို အင်္ဂလန်ကလပ် ချာလ်တန် အသင်းမှာ အစပြုခဲ့သူဖြစ်ပြီး အဲဗာတန်၊ ဖူလ်ဟမ်(အငှား)၊ လက်စတာ(အငှား) စတဲ့ကလပ်တွေမှာလည်း ကစားခဲ့ဖူးပါတယ်။ (NVS 008)
03 Feb