“ONE Friday Fights 141 ပြိုင်ပွဲမှာ မြန်မာရိုးရာဖိုက်တာ ၄ ဦး ပါဝင်ထိုးသတ်မည်”
03 Feb
ONE Friday Fights 141 ပြိုင်ပွဲမှာ မြန်မာရိုးရာဖိုက်တာ သုံးဦးဖြစ်တဲ့ ရဲရင့်နောင်၊ စောမင်းမင်း၊ စိုးနောင်ဦးနှင့် လင်းထက်အောင် တို့ရဲ့ တွဲဆိုင်းတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။ ONE Friday Fights 141 ပြိုင်ပွဲကို လာမယ့်ဖေဖော်ဝါရီလ ၆ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲကို တွဲဆိုင်း ၁၄ ဆိုင်း ထည့်သွင်းကျင်းပမှာဖြစ်ပြီး မြန်မာရိုးရာဖိုက်တာ လေး ဦးလည်း ပါဝင်ခဲ့ပါတယ်။ မြန်မာရိုးရာဖိုက်တာ ရဲရင့်နောင် ဟာ မလေးရှားဖိုက်တာ ဂျိုဟန်ဂါဇာလီ၊ မြန်မာရိုးရာဖိုက်တာ စောမင်းမင်း ဟာ ထိုင်းဖိုက်တာ ဒတ်ချာဝလစ်၊ မြန်မာရိုးရာဖိုက်တာ စိုးနောင်ဦးက ထိုင်းဖိုက်တာ အီရာဝတ်၊ မြန်မာရိုးရာဖိုက်တာ လင်းထက်အောင် က ဂျပန်ဖိုက်တာ ဟာရာယုကီတာနစ်ဆု နဲ့ ယှဉ်ပြိုင်ထိုးသတ်ကြရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာထိုးသတ်မယ့် မြန်မာရိုးရာဖိုက်တာသုံးဦးထဲမှာ စောမင်းမင်း နှင့် စိုးနောင်ဦး တို့က ONE Championship မှာ ထိုးသတ်ဖူးပေမယ့် ရဲရင့်နောင်နဲ့ လင်းထက်အောင် တို့ကတော့ ပထမဆုံးအကြိမ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။ (NVS 008)