“အယ်လ်ဟီလာအသင်းကို ရုတ်တရက်ပြောင်းရွှေ့ခဲ့တဲ့ ဘန်ဇီမာ”
03 Feb
အယ်လ်အစ်တီဟတ်အသင်းတိုက်စစ်မှူး ဘန်ဇီမာ က အဓိကပြိုင်ဘက်ကလပ် အယ်လ်ဟီလာအသင်းကို ရုတ်တရက် ပြောင်းရွှေ့ခဲ့ပါတယ်။ ဘန်ဇီမာ အနေနဲ့ အယ်လ်အစ်တီဟတ်အသင်းမှာ တစ်နှစ် ယူရို သန်း ၁၀၀ နီးပါးရခဲ့ပေမယ့် စာချုပ်သစ်ကိစ္စ အဆင်မပြေသလို အယ်လ်အစ်တီဟတ်အသင်းက လစာမပေးဘဲ ပုံရိပ်မူပိုင်ခွင့်သာပေးမယ့် ကမ်းလှမ်းချက်ကြောင့် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပါတယ်။ ဘန်ဇီမာ ဟာ အယ်လ်ဟီလာအသင်းနဲ့ ၁၈ လသက်တမ်းရှိ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ရီးရဲလ်အသင်းတိုက်စစ်မှူးဟောင်း ဘန်ဇီမာ ဟာ အခုရာသီပြိုင်ပွဲစုံ ၂၁ ပွဲကစားရာမှာ ၁၆ ဂိုးသွင်းယူ နိုင်ခဲ့ပါတယ်။ အယ်လ်ဟီလာအသင်းက ဆော်ဒီလိဂ်မှာ ၄၇ မှတ်နဲ့ အယ်လ်နာဆာအသင်းကို တစ်မှတ်အသာ ဦးဆောင်နေပါတယ်။ (NVS 008)
03 Feb