“အရည်အသွေးပြည့်မီမှုမရှိတဲ့ ဒီဇယ်တင်‌ဆောင်လာတာကြောင့် မူလနိုင်ငံသို့ ပြန်လည်စေလွှတ်”

03 Feb

ဇန်နဝါရီလ ၂၆ ရက်တွင် သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့တဲ့ ဒီဇယ်တင်ဆောင်လာသော Tanker သင်္ဘောကို စံသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိတာကြောင့် မူလတင်ပို့တဲ့နိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရပါတယ်။ သီလဝါဆိပ်ကမ်းရှိ Apex Terminal သို့ ဆိုက်ကပ်ရောက်ရှိလာသော ရိုးရိုးဒီဇယ်ဆီ(HSD 500 PPM)ကို နမူနာရယူ၍ ဓာတ်ခွဲခန်းမှာ အရည်အသွေးစမ်းသပ်စစ်ဆေးခဲ့ရာ စမ်းသပ်မှုရလဒ်အရ အဆိုပါတင်ဆောင်လာတဲ့ ရိုးရိုးဒီဇယ်ဆီများက စံသတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိတဲ့အတွက် သုံးစွဲသူပြည်သူများ နစ်နာမှုမရှိစေရေး ဆီချခွင့် မပြုဘဲ မူလတင်ပို့ရာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရပါတယ်။ စွမ်းအင်ဝန်ကြီးဌာနက ပြည်ပမှ စက်သုံးဆီ တင်သွင်းနေရမှုများကို လျှော့ချနိုင်ရန်နှင့် ပြည်တွင်းတွင် ကိုယ်တိုင်ချက်လုပ် သုံးစွဲနိုင်ရန်အတွက် ရေနံချက် စက်ရုံစီမံကိန်းများကို အပိုင်းလိုက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စက်သုံးဆီများကို ပြည်ပမှ ဝယ်ယူတင်သွင်းနေလျက် ရှိရာ တင်သွင်းလာတဲ့ စက်သုံးဆီများအရည်အသွေးနှင့် အခြင်အတွယ်ပြည့်မီရေး၊ ပြည်သူများ ဈေးနှုန်းတည်ငြိမ်စွာနဲ့ ဝယ်ယူသုံးစွဲနိုင်ရေး၊ ရေနံထွက်ပစ္စည်းဖြည့်ဆည်းမှုကွင်းဆက် (Supply Chain) အဆင်ပြေချောမွေ့မှုရှိစေရေး တို့အတွက် စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်။ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အများ ပြည်သူများ အသုံးပြုလျက်ရှိတဲ့ စက်သုံးဆီများ၏ အရည်အသွေးနှင့် အခြင်အတွယ်ပြည့်မီ မှန်ကန်မှု ရှိစေရေးအတွက် စိစစ်ထိန်းကျောင်းကြပ်မတ်ခြင်းများကို ဆောင်ရွက်လျက်ရှိတဲ့အပြင် ပြည်ပမှတင်သွင်းခြင်းနှင့်ပြည်တွင်းမှာ ထုတ်လုပ်၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော စက်ဆီချောဆီများ၏ အရည်အသွေးကိုက်ညီမှန်ကန်မှု ရှိစေရေးတို့ကို ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်။ (NVS 004)

03 Feb

ADVERTISE HERE .