“အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ ဆာဂေးရွှိုင်းဂူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ”
03 Feb
အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ ဆာဂေးရွှိုင်းဂူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး ပုဂ္ဂိုလ်နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း က နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန(၁)မှာ ဖေဖော်ဝါရီလ ၂ ရက်ညနေပိုင်းတွင် လက်ခံတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဉ် လုံခြုံရေးကောင်စီများ၊ အထူးတပ်ဖွဲ့များနှင့် တရားဥပဒေစိုးမိုးရေးအေဂျင်စီများအကြား ပူးပေါင်း ဆောင်ရွက်မှု၊ ဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေးအပါအဝင် သတင်းအချက်အလက် လုံခြုံရေးနယ်ပယ်မှာ ပူးပေါင်း ဆောင်ရွက်မှု၊ အချုပ်အခြာအာဏာပိုင် နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှုများကို တန်ပြန်ခြင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့် လေ့ကျင့်ရေးသင်တန်းများ ပံ့ပိုးကူညီပေးခြင်း ဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ် ကြခဲ့ပါတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ ဆာဂေးရွှိုင်းဂူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ဖေဖော်ဝါရီလ ၂ ရက် မွန်းလွဲပိုင်းက အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိခဲ့ကြခြင်း ဖြစ်ပါတယ်။ (NVS 004)