“ပဲခူးမြို့မှာ (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပ”
03 Feb
ဖေဖော်ဝါရီလ ၂ ရက်မှာ ကျရောက်တဲ့ (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ မြို့တော်ခန်းမမှာ ပဲခူးတိုင်းအစိုးရအဖွဲ့ကနေ ကြီးမှူးကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီးတို့ တက်ရောက်ခဲ့ကြပါတယ်။ ပဲခူးတိုင်းအစိုးရအဖွဲ့အနေနဲ့ တိုင်းရင်းသားအားလုံး၏ နေ့ထူးနေ့မြတ်များကို ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း နှင့်အညီ ဖော်ထုတ်ကျင်းပပေးလျက်ရှိတဲ့အပြင် တိုင်းရင်းသားများ၏ စာပေဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောကြားခဲ့ပါတယ်။ ဒါကြောင့် မွန်တိုင်းရင်းသား/သူများအနေနဲ့ အခြားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့်အတူ မိမိတို့၏ မြန်မာနိုင်ငံတော်ကြီး ထာဝစဉ်အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပူးပေါင်းကြိုးစားဆောင်ရွက်သွား ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ အဲဒီနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့က မွန်တိုင်းရင်းသားရိုးရာ အကနည်းပြများကို ဂုဏ်ပြုပန်းခြင်းနှင့် ဖျော်ဖြေတင်ဆက်ခဲ့ကြတဲ့ မွန်တိုင်းရင်းသား၊ တိုင်းရင်းသူများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရပါတယ်။ (NVS 004)