“တညင်းကုန်းအဆင့်မြင့်လက်ကားဈေးကြီးရှိ လုပ်ငန်း ၅၇ ခုတို့အတွက် တင်ဒါခေါ်ယူ”

03 Feb

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် အင်းစိန်မြို့နယ်ရှိ တညင်းကုန်းအဆင့်မြင့်လက်ကားဈေးကြီးမှ Shop House ဆိုင်ခန်းအဆောက်အဦများ ရောင်းချရန်၊ ဈေးများနှင့် ပွဲရုံစခန်းများမှ ယာဉ်ဝင်ခအပါအဝင်လုပ်ငန်း ၅၇ ခုတို့အတွက် ဘဏ္ဍာနှစ်တစ်နှစ်တာ လုပ်ငန်းလုပ်ကိုင်ခွင့်တင်ဒါ ခေါ်ယူနေတယ်လို့ သိရပါတယ်။ အဆိုပါတင်ဒါခေါ်ယူချက်အရ အဆင့်မြင့်လက်ကားဈေး(တညင်းကုန်း)စီမံကိန်းမှ ၂ ခန်းတွဲ ၃ ထပ်တိုက် Shop House ဆိုင်ခန်းအဆောက်အဦ ၄ လုံး ရောင်းချရန်နှင့် ဈေးများနှင့် ပွဲရုံစခန်းများမှ ယာဉ်ဝင်ခ၊ သန့်စင်ခန်းဝင်ခ ကောက်ခံခြင်းလုပ်ငန်း ၅၇ ခုတို့ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် (၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၇ ခုနှစ် မတ်လ ၃၁ ရက်)အထိ ဒုတိယအကြိမ်အငှားချထားရန်အတွက် တင်ဒါအဆိုပြုလွှာများ တင်သွင်းရန် ဖိတ်ခေါ်ထားခြင်း ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် စိတ်ပါဝင်စားသူများအတွက် ဖေဖော်ဝါရီလ ၂ ရက်မှစတင်၍ ၆ ရက်အထိ တင်ဒါလျှောက်လွှာ များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဈေးများနှင့်ကုန်စည်ပွဲရုံများဌာန မြို့တော်ခန်းမဒုတိယထပ်နှင့် ပွဲရုံစခန်းများရှိ လုပ်ငန်းများအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(၇)လွှာ၊ ၁၂ ထပ် ခွဲရုံး (၄၆ လမ်း) ဗိုလ်တစ်ထောင်မြို့နယ်တွင် အသီးသီးရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါဝယ်ယူပြီးတင်ဒါများကို လာမည့်ဖေဖော်ဝါရီလ ၉ ရက်၊ နေ့လည် ၂ နာရီမှာ နောက်ဆုံးထား၍ ပြန်လည်တင်သွင်းရမှာဖြစ်ပြီး တင်ဒါစည်းကမ်းနှင့်အသေးစိတ်အချက်အလက်များ သိရှိလိုပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ကြောင်းလည်း သိရပါတယ်။ (NVS 004)

03 Feb

ADVERTISE HERE .