“အိန္ဒိယနိုင်ငံသံအမတ်ကြီးက မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကိုလေ့လာ”

03 Feb

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H. E. Mr. Shri Abhary Thakur က ဖေဖော်ဝါရီလ ၁ ရက်တွင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့သို့လာရောက်၍ မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယသံအမတ်ကြီးက တာချီလိတ်မြို့၊ တာလော့ဈေးနှင့် ရွှေနန်းတော်ကုန်တိုက်၊ မြန်မာ-ထိုင်းအမှတ်(၁) ချစ်ကြည်ရေးတံတားမှာ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ကူးသန်းသွားလာမှုများ၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေး တံတားတွင် နှစ်နိုင်ငံကုန်စည်စီးဆင်းမှုများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရပါတယ်။ ဒါ့အပြင် တာချီလိတ် မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ မိုင်းဖုန်းဆရာတော်ကြီး၏ သာသနာ့နယ်မြေမှ ဗုဒ္ဓဂါယာဘုရားကို ဖူးမြှော် ကြည်ညိုပြီး မဲခေါင်အပြည်ပြည်ဆိုင်ရာ မြစ်တွင်းဆိပ်ကမ်း(ဝမ်ပုံ)ကို ကြည့်ရှုလေ့လာကာ တာချီလိတ်ကုန်သွယ်ရေး စခန်း(မယ်ယန်း)မှာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နယ်စပ်ကုန်သွယ်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ပါတယ်။ (NVS 004)

03 Feb

ADVERTISE HERE .