ယူကရိန်းငြိမ်းချမ်းရေး သုံးပွင့်ဆိုင်ဆွေးနွေးပွဲများ ထပ်မံကျင်းပမည့်ကာလ ယူကရိန်းသမ္မတကြေညာ
03 Feb
အမေရိကန်၊ ရုရှား၊ ယူကရိန်းတို့၏ ဆွေးနွေးပွဲသစ်များကို ယူအေအီးနိုင်ငံ အဘူဒါဘီမြို့၌ ဖေဖော်ဝါရီလ ၄ ရက်၊ ၅ ရက်တို့တွင် ကျင်းပမည်ဖြစ်ကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ အမေရိကန်၊ ရုရှား၊ ယူကရိန်းတို့၏ ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးဆိုင်ရာ သုံးပွင့်ဆိုင်ဆွေးနွေးပွဲများ ကျင်းပမည့်နေ့ရက်များကို ယူကရိန်းသမ္မတ ဇီလန်စကီး က ဖေဖော်ဝါရီလ ၁ ရက်တွင် ၎င်း၏လူမှုကွန်ရက် စာမျက်နှာ၌ အတည်ပြုထားသည်။ ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေး သုံးပွင့်ဆိုင်ဆွေးနွေးပွဲများကို အဘူဒါဘီမြို့၌ ဖေဖော်ဝါရီလ ၄ ရက်၊ ၅ ရက်တို့တွင် ကျင်းပမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီး က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထား သည်။ ထို့ပြင် ယူကရိန်းနိုင်ငံအနေဖြင့် အဓိပ္ပာယ်ရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌ ပါဝင်ရေးအတွက် အသင့် ရှိကြောင်းလည်း သမ္မတ ဇီလန်စကီး က ပြောကြားထားသည်။ ရုရှားနှင့် ယူကရိန်းတို့သည် အမေရိကန်အစိုးရ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ပြီးခဲ့သည့်လအတွင်း အဘူဒါဘီမြို့၌ နှစ်နိုင်ငံ တိုက်ရိုက်ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ခဲ့သည်။ အဆိုပါ တိုက်ရိုက်ဆွေးနွေးပွဲများတွင် အမေရိကန် အစိုးရ ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။