“မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ဧရာဝတီအသင်း ဗိုလ်စွဲ”

02 Feb

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ဧရာဝတီအသင်းဗိုလ်စွဲခဲ့ပြီး ပြိုင်ပွဲသမိုင်းမှာ ချန်ပီယံအသင်းသစ်အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်။ ချန်ပီယံအဆုံးအဖြတ်ပွဲစဉ်ကို ဇန်နဝါရီလ ၃၁ ရက်မှာ ဧရာဝတီအသင်းနဲ့ ISPE အသင်းတို့ ယှဥ်ပြိုင်ကစား ခဲ့ရာ ဂိုးမရှိသရေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် ဧရာဝတီအသင်းဟာ ရမှတ် ၄၀ မှတ်နဲ့ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်ကမှ စတင်ဖွဲ့စည်းတည်ထောင်ထားတဲ့ ဧရာဝတီအသင်းဟာ ဘောလုံးရာသီ (၂) ရာသီမြောက်မှာ ချန်ပီယံဆုဖလားကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဧရာဝတီအသင်းဟာ လာမယ့်ရာသီ အာရှဘောလုံး အဖွဲ့ချုပ် (AFC) က ကျင်းပမယ့် အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် (MFF) ဟာ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်က စတင်ကျင်းပခဲ့ပြီး ချန်ပီယံဆုများကို မြဝတီအသင်းက ၃ ကြိမ်၊ ISPE အသင်းက ၃ ကြိမ်၊ ဧရာဝတီအသင်းက ၁ ကြိမ် ရရှိထားပါတယ်။ (NVS 008)

02 Feb

ADVERTISE HERE .