“နော်တင်ဟမ်အသင်း ကို ပြောင်းရွှေ့ခဲ့တဲ့ မန်စီးတီးအရန်ဂိုးသမား အော်တေဂါ”

02 Feb

မန်စီးတီးအသင်း အရန်ဂိုးသား စတက်ဖန်အော်တေဂါ ဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဂျာမန်ဂိုးသမား အော်တေဂါ ဟာ အခုရာသီမှာ ဒွန်နာရမ်မာ နဲ့ ထရက်ဖို့ဒ်တို့ ရောက်ရှိလာပြီးနောက် ပွဲကစားခွင့် လုံးဝမရဘဲ ဖြစ်ခဲ့ပါတယ်။ ၎င်းဟာ မန်စီးတီးအသင်းနဲ့ အခုနွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်လို့ နော်တင်ဟမ်အနေနဲ့ ပြောင်းရွှေ့ကြေးအနည်းငယ်တော့ ပေးချေရဖို့ ရှိပါတယ်။ အော်တေဂါ ရဲ့အပြောင်းအရွှေ့ဟာ အပိုဆုကြေး အပါအဝင် ပေါင် ငါးသိန်း ခန့် ပေးချေရဖွယ်ရှိတယ်လို့ သိရပါတယ်။ အော်တေဂါ ဟာ ၂၀၂၂ ခုနှစ်မှာ မန်စီးတီးအသင်းကို ရောက်လာပြီးကတည်းက ပြိုင်ပွဲစုံ ၅၆ ပွဲ ကစားပေးခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၂-၂၃ ဘောလုံးရာသီ ဖလားသုံးလုံးချန်ပီယံအသင်းသားတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ (NVS 008)

02 Feb

ADVERTISE HERE .