“ပရီးမီးယားလိဂ်ပွဲစဉ် (၂၄) အပြီး ပွဲစဉ်အချို့သုံးသပ်ချက်များ”

02 Feb

ပရီးမီယားလိဂ်ပွဲစဉ် (၂၄)အပြီးမှာ ဇယားထိပ်ဆုံးတွင် ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းက လိဒ်အသင်း အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ရမှတ် ၃ မှတ်ရယူကာ ချန်ပီယံလမ်းကြောင်းမှာ ဆက်လက် ရပ်တည်လျက်ရှိပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းက ချဲလ်ဆီးအသင်းကို ၂ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပြီး ချဲလ်ဆီးအသင်းကတော့ အဆင့် (၅) နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မန်စီတီးအသင်းနှင့် စပါးအသင်းတို့ပွဲစဉ်မှာ တစ်ဖက် ၂ ဂိုးစီနဲ့ သရေရလဒ် ဖြစ်ခဲ့တာကြောင့် မန်စီးတီးအသင်းက ရမှတ် ၄၇ မှတ်နဲ့ အဆင့်(၂)နေရာမှာဘဲ ရပ်တည်လျက်ရှိပါတယ်။ ဒါပေမယ့် အဆင့်(၁)က အာဆင်နယ်အသင်းနဲ့ ရမှတ် ၆ မှတ် ပြန်လည်ကွာဟသွားခဲ့ပါတယ်။ နည်းပြသစ် ကာရစ် ရဲ့ မန်ယူအသင်းကတော့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဖူဟမ်အသင်းကို ၃ ဂိုး ၂ ဂိုး ဆိုတဲ့ရလဒ် ၃ ပွဲဆက်အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား အဆင့်(၄) နေရာမှာ ဆက်လက်ရပ်တည်ခဲ့ပါတယ်။ ဒါပေမယ့် အဆင့်(၁)မှ အာဆင်နယ်နဲ့ ၁၂ မှတ်အထိ ကွာဟနေသလို အဆင့်(၃)မှ ဝက်စ်ဟမ်းအသင်းနဲ့ ရမှတ် ၅ မှတ်အထိ ကွာဟနေသေးပါတယ်။ (NVS 008)

02 Feb

ADVERTISE HERE .