“စက်မှုနှင့်စီးပွားရေးလုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားခကို စီးပွားရေးနှုန်းထားတစ်ခုသတ်မှတ်မည်”

02 Feb

ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ စက်မှုနှင့်စီးပွားရေးလုပ်ငန်းများကို စီးပွားရေး နှုန်းထားတစ်ခု သတ်မှတ်ဆောင်ရွက်ရန်ရှိတယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း က ဇန်နဝါရီလ ၃၀ ရက်မှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၌ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုအခြေအနေများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ စက်မှုကဏ္ဍကုန်ထုတ်လုပ်မှုများ အရှိန်အဟုန်မပြတ်စေရန်ရည်ရွယ်၍ LNG to Industry ကို အထူးအလေး ပေးဖော်ဆောင်ခဲ့ရာ စက်မှုနှင့်စီးပွားရေးလုပ်ငန်းများအတွက် အချိန်ပြည့်ဓာတ်အားရရှိမှုက စက်ရုံများစဉ်ဆက်မပြတ် လည်ပတ်နိုင်ခြင်း၊ ကုန်ထုတ်စွမ်းအားတိုးတက်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာခြင်းနှင့် အခြားကုန်ကျစရိတ်မြင့်မားတဲ့ စွမ်းအင်အရင်းအမြစ်များအပေါ် မှီခိုရမှုလျှော့ချနိုင်ခြင်း အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အခုလိုဆောင်ရွက်ခြင်းက လုပ်ငန်းရှင်များအတွက် ခိုင်မာသောစွမ်းအင် အာမခံချက်ရှိတဲ့ ကုန်ထုတ်လုပ်မှု ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးခြင်းဖြစ်ရာ စီးပွားရေးလုပ်ငန်းရှင်ကြီး များအနေနဲ့ မိမိတို့လုပ်ငန်းများကို အောင်မြင်စွာ တိုးချဲ့ဆောင်ရွက်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီနောက် တာဝန်ရှိသူများက LNG မှ ဓာတ်အားထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့မှု၊ လက်ရှိ ဓာတ်အားထုတ်လုပ်နေမှု၊ ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်၊ အထူးစီးပွားရေးဇုန်၊ စက်မှုလက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများသို့ ဓာတ်အားဖြန့်ဖြူးပေးမည့်အစီအစဉ်များ၊ စက်မှုနှင့်စီးပွားရေးလုပ်ငန်းများသို့ သတ်မှတ်နှုန်း ထားအသစ်နဲ့ ဓာတ်အားခကောက်ခံမည့်အခြေအနေ၊ လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းဆောင်ရွက်မှု၊ လျှပ်စစ်ကဏ္ဍဆိုင်ရာ လိုအပ်ချက်များကို အသီးသီးရှင်းလင်းတင်ပြခဲ့ကြပါတယ်။ (NVS 004)

02 Feb

ADVERTISE HERE .