“ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့တဲ့ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး ထီးတော်တင်အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပမည်”
02 Feb
ငလျင်ဒဏ်ကြောင့် ထိခိုက်သွားတဲ့ တောင်ငူမြို့ သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး ထီးတော်တင်ခြင်း အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီးက အရံစေတီမှလွဲ၍ စေတီကြီးတစ်ခုလုံး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူမယ်လို့ သိရပါတယ်။ ဒါကြောင့် စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ထီးတော်၊ ငှက်မြတ်နားတော် တင်ခြင်း အခမ်းအနားကို လာမည့်ဖေဖော်ဝါရီလ ၁၀ ရက် (တပို့တွဲလပြည့်ကျော် ၉ ရက်)တွင် ၇ ရက်သားသမီးအလှူ ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ထီးတော်တင်ပွဲနေ့မှာ ဘုရားဖူးပြည်သူ ၁,၅၀၀ ဦးအတွက် စတုဒီသာအလှူကိုလည်း ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)
02 Feb