၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက လက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲဖြစ်လာမယ်လို့ စီရော်နယ်လ်ဒို အတည်ပြု

01 Feb

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်လ်ဒို က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက ၎င်းအတွက် လက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲဖြစ်လာမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားက နောက်ဆုံးပြိုင်ပွဲ ဖြစ်လာနိုင်သလားဆိုတဲ့ မေးမြန်းမှုကို စီရော်နယ်လ်ဒို က သူ့အနေနဲ့ အသက် ၄၁ နှစ် ပြည့်တော့မှာဖြစ်လို့ လက်ရွေးစင်ကစားသမားဘဝက နောက်ဆုံးဖြစ်လာနိုင်တယ်လို့ ပြောကြား ခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိအခိုက်အတန့်မှာ ကစားရတဲ့အခြေအနေက ကောင်းမွန်နေတယ်လို့ ခံစားရကာ ဂိုးတွေ သွင်းနိုင်နေပြီး ထက်မြက်မှုရှိနေတယ်လို့ ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။ သို့သော်လည်း ပြီးခဲ့တဲ့ ၂၅ နှစ်တာကာလအတွင်း ဘောလုံးအတွက် အားလုံးပေးဆပ်ခဲ့ပြီးကြောင်းနဲ့ မကြာခင် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက်နေရင် ကစားသမားဘဝမှ အနားယူတော့မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ စီရော်နယ်လ်ဒို ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ငါးကြိမ်အထိ ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး လာမည့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲက ၎င်းအတွက် ခြောက်ကြိမ်မြောက်ဖြစ်လာမှာပဲ ဖြစ်ပါတယ်။(NVS 008)

01 Feb

ADVERTISE HERE .