သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် သဘောတူညီမှုမရရှိပါက ရာသီအကုန်တွင် ထွက်ခွာမယ်လို့ ဗီနီစီးယက်စ် က ရီးရဲလ်အသင်းအား အသိပေး

01 Feb

ရီးရဲလ်မက်ဒရစ်အသင်း တောင်ပံတိုက်စစ်ကစားသမား ဗီနီစီးယက် က လာမည့်ဧပြီလအတွင်း သက်တမ်းတိုး စာချုပ်အတွက် သဘောတူညီမှုမရပါက လက်ရှိဘောလုံးရာသီအကုန်တွင် အသင်းမှထွက်ခွာမယ်လို့ အသိပေးခဲ့ ကြောင်း One Football သတင်းဝက်ဘ်ဆိုက် ဖော်ပြခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဗီနီစီးယက် က ၂၀၁၈ ခုနှစ်က ဖလာမင်ဂိုအသင်းမှ ရီးရဲလ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အသင်းရဲ့ အဓိက ကစားသမားအဖြစ် ပါဝင်နေခဲ့သူ ဖြစ်ပါတယ်။ လက်ရှိအသင်းနဲ့ စာချုပ်က ၂၀၂၇ ခုနှစ်အကုန်တွင် ပြီးဆုံးမှာဖြစ်လို့ စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးမှုများ ပြုလုပ်ရာ၌ အသင်း၌ လုပ်ခလစာအများဆုံး ဖြစ်သည့် အမ်ဘာပေ နည်းတူ အလိုရှိနေတာကာ အသင်းဘက်မှ ပေးချေလိုခြင်းမရှိတာကြောင့် ကြန့်ကြာနေခြင်းဖြစ်ပါတယ်။ စာချုပ်ကိစ္စကြန့်ကြာနေမှုကြောင့် အနာဂတ်မရေမရာဖြစ်နေတဲ့ ဗီနီစီးယက် ကို အစောပိုင်းကတည်းက ဆော်ဒီထိပ်တန်း ကလပ်အသင်းများက မြင့်မားသည့်လုပ်ခလစာဖြင့် ခေါ်ယူရန်ကြိုးပမ်းခဲ့သော်လည်း ၎င်းကိုယ်တိုင် က ဥရောပကလပ်များတွင်သာ ဆက်လက်ကစားလိုနေတာဖြစ်ပါတယ်။(NVS 008)

01 Feb

ADVERTISE HERE .