ဘာစီလိုနာအသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တဲ့ ဖာမင်လိုပက်ဇ်

01 Feb

ဘာစီလိုနာအသင်းက အသင်းကွင်းလယ် တိုက်စစ်ကစားသမား ဖာမင်လိုပက်ဇ် ကို ၂ဝ၃၁ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဖာမင်လိုပက်ဇ် ဟာ ဘာစီလိုနာအသင်းနှင့်အတူ ၂ဝ၂၃-၂၀၂၄ မှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၁၁၄ ပွဲ ကစားကာ ၂၉ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် အသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဖာမင်လိုပက်ဇ် က အသင်းနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်းနဲ့ ဆုဖလားများစွာ ရယူသိမ်းပိုက်သွားမှာဖြစ်ပြီး ကစားသမားဘဝကိုလည်း အသင်းမှာပဲ ကုန်ဆုံးသွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။(NVS 008)

01 Feb

ADVERTISE HERE .