အက်တီကိုအသင်းက ဂိုရက်ဇ်ကာ ကိုခေါ်ယူရန်စီစဉ်
01 Feb
အက်တီကိုအသင်းက ဘိုင်ယန်မြူးနစ်အသင်း ကွင်းလယ်ကစားသမား ဂိုရက်ဇ်ကာ ကိုခေါ်ယူရန် စီစဉ် နေကြောင်း သိရပါတယ်။ အသက် ၃ဝ အရွယ် ကွင်းလယ်ကစားသမား ဂိုရက်ဇ်ကာ အနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ၂ဝ၁၈-၂၀၁၉ ရာသီမှ လက်ရှိရာသီအထိ ပြိုင်ပွဲစုံ ၂၉၂ ပွဲကစားပြီး ၄၇ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ ဘိုင်ယန်အသင်းတွင် ခြေစွမ်းပြကစားနိုင်ခဲ့ခြင်းကြောင့် အက်တီကိုအသင်းက ခေါ်ယူရန် စီစဉ်လာခြင်းဖြစ်ပါတယ်။ ကွင်းလယ်ကစားသမား ဂိုရက်ဇ်ကာ ကိုယ်တိုင်ကလည်း လက်ရှိအချိန်တွင် ဘိုင်ယန်မြူးနစ်အသင်း တာဝန်ရှိသူများနှင့် ဆက်ဆံရေး အဆင်မပြေဖြစ်နေခြင်းကြောင့် အသင်းမှ ထွက်ခွာလိုနေတာဖြစ်ပါတယ်။(NVS 008)
01 Feb