မန္တလေး-ပြင်ဦးလွင်-လားရှိုးလမ်းပေါ်ရှိ ဂုတ်တွင်းတံတား နေရာတွင် ဘေလီတံတားတစ်စင်း အသစ်ထပ်မံတည်‌ဆောက်

01 Feb

မန္တလေး-ပြင်ဦးလွင်-လားရှိုးလမ်းပေါ်ရှိ ဂုတ်တွင်းတံတားနေရာ၌ သုံးလွှာတစ်ထပ် C-200(Extra Wide) ဘေလီတံတားတစ်စင်း အသစ်ထပ်မံ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က တာဝန်ရှိသူများလိုက်ပါ၍ ဇန်နဝါရီလ ၃၁ ရက်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ပြည်ထောင်စုဝန်ကြီးက မန္တလေး-ပြင်ဦးလွင်-လားရှိုး လမ်းသည် ကုန်စည်စီးဆင်းမှုတွင် အဓိကအရေးပါသည့် လမ်းတစ်လမ်းဖြစ်ကြောင်း၊ ဂုတ်တွင်းတံတားသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူ များ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သဖြင့် လမ်းပန်းဆက်သွယ်‌‌ရေး ပြတ်တောက်မှုမရှိစေရန် စစ်အင်ဂျင်နီယာ တပ်ဖွဲ့က ယာယီအစီအစဉ်ဖြင့် အရှည်ပေ ၁၅၀ နှစ်လွှာတစ်ထပ် ဘေလီတံတားကို ပြန်လည်တည်ဆောက်ပေးခဲ့ပြီး ခရီးသည်ယာဉ်များနှင့် ကုန်တင်ယာဉ်များကို ၂၅ တန်အထိ ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း၊ ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေရေးအတွက် ယခင်တံတားဟောင်းနေရာတွင် အရှည်ပေ ၂၁၀၊ အကျယ် ၂၄ ပေရှိသော သုံးလွှာ တစ်ထပ် C-200 ဘေလီတံတားကို အသစ်ထပ်မံ ပြုပြင်တည်ဆောက်ပေးခြင်းဖြစ်ကြောင်း၊ ယခုတည်ဆောက်နေသော ဘေလီတံတားဖွင့်လှစ်နိုင်ပါက ယာဉ်တစ်စီးချင်း တန် ၅၀ ရှိ ကုန်တင်ယာဉ်ကြီးများအထိ လွယ်ကူချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 004)

01 Feb

ADVERTISE HERE .