ပြစ်မှုကျူးလွန်ခြင်းမရှိပါက အမည်မည်းစာရင်းမှ ဖြေလျှော့ပေးလျက်ရှိ

01 Feb

အကြောင်းအမျိုးမျိုးကြောင့် ဌာနမှကင်းကွာနေသည့် ဝန်ထမ်းများအား ပြစ်မှုကျူးလွန်ခြင်းမရှိပါက အမည်မည်းစာရင်း(Black Lists)မှ ဖြေလျှော့ပေးလျက်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရှိဘဲ လုပ်ငန်း ခွင်ကို စွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း(Black Lists)တွင် ပါဝင်နေ၍ စိုးရိမ်ပူပန်စိတ်ဖြင့် အခြားနေရာများသို့ ရှောင်တိမ်းနေသည်ကို သိရှိရကြောင်းဖော်ပြပါရှိပါတယ်။ ၎င်းဝန်ထမ်းများအနေဖြင့် ရောက်ရှိနေသည့်နေရာတွင်ရှိသော ယခင်တာဝန်ထမ်းဆောင်ခဲ့သည့်ဌာန၏ ရုံးများ၊ နီးစပ်ရာမြို့နယ်ခွဲ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများသို့ ပြန်လည်သတင်းပို့ ဆက်သွယ်လာသူများအား စိစစ်ပြီး ပြစ်မှုကျူးလွန်ခြင်း မရှိသည့် ဝန်ထမ်းများနှင့် ပြစ်မှုကျူးလွန်၍ ပြစ်ဒဏ်ကျခံပြီးသော်လည်း အမည်မည်းစာရင်း(Black Lists) ဝင်နေသူ များအား အမည်မည်းစာရင်း(Black Lists)မှ ဖြေလျှော့ပေးလျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။(NVS 004)

01 Feb

ADVERTISE HERE .