နေပြည်တော် ပြည်သူ့ရင်ပြင်၌ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပမည်

31 Jan

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်ကို နေပြည်တော် ပြည်သူ့ရင်ပြင်၌ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်မှ ၁၂ ရက်အထိ ၅ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပွဲတော်ကာလအတွင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ လုပ်ငန်း/စီးပွားချိတ်ဆက်မှု ပြခန်းဖွင့်လှစ်၍ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်စေမည့် လုပ်ငန်းစဉ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ MSME လုပ်ငန်းများ၊ သီလဝါ SEZ ၏ Promotion Zone အတွင်း ထုတ်လုပ်ရေးလုပ်ငန်းများ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များ၊ လက်လီ/လက်ကားရောင်းချသူများ၏ အချင်းချင်းချိတ်ဆက်မှု လုပ်ငန်းစဉ်များ၊ ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အကောက်ခွန်ဦးစီးဌာနနှင့် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များအကြား လုပ်ငန်းစဉ်များ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များနှင့် နိုင်ငံတကာတွင်ရှိသော မြန်မာနိုင်ငံ၏ စီးပွားရေးသံမှူးများဖြင့် အွန်လိုင်းမှဆွေးနွေးနိုင်မည့် ဝန်ဆောင်မှုများ၊ မူပိုင်ခွင့်ဆိုင်ရာ သိသင့်သိထိုက်သည်များ၊ ကုန်စည်ပြပွဲနှင့် သက်ဆိုင် သော ကိစ္စရပ်များအား ချိတ်ဆက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်ဖြစ်လိုသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသေးစား၊ အငယ်စားနှင့် အလတ်စား MSME စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မိမိတို့၏ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင် ဆောင်ရွက်နိုင်ရေးအတွက် ပြပွဲကာလအတွင်း လုပ်ငန်း/စီးပွားချိတ်ဆက်မှုပြခန်းတွင် သက်ဆိုင်ရာကဏ္ဍအလိုက် လာရောက်လေ့လာခြင်းနှင့် ဆွေးနွေးခြင်းများ ဆောင်ရွက်နိုင်ကြောင်း သိရပါတယ်။(NVS 004)

31 Jan

ADVERTISE HERE .