မိန်နူး ကို စာချုပ်သစ်ကိစ္စ ပြန်လည်ဆွေးနွေးရန် မန်ယူအသင်းစီစဉ်

30 Jan

မန်ယူအသင်းသည် ကွင်းလယ်လူ မိန်နူးကို စာချုပ်သစ်ချုပ်ဆိုရေး ပြန်လည်ဆွေးနွေးရန် ပြင်ဆင်နေကြောင်း သိရပါတယ်။ အသက် ၂ဝ အရွယ် မိန်နူး ရဲ့စာချုပ်မှာ ၂၀၂၇ ခုနှစ် နွေရာသီတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး တစ်နှစ် သက်တမ်းတိုးခွင့် ပါဝင်ပါတယ်။ သို့သော် နည်းပြဟောင်း အာမိုရင်မ် လက်ထက်မှာ မိန်နူး ရဲ့အခန်းကဏ္ဍ ပျောက်ဆုံးပြီးနောက် စာချုပ်သစ်ကိစ္စလည်း မှေးမှိန်ခဲ့ရပါတယ်။ လက်ရှိ၌ မန်ယူအသင်းတွင် နည်းပြအပြောင်းအလဲ ဖြစ်ခဲ့ပြီးနောက် မိန်နူး ရဲ့အနာဂတ်က အသင်းမှာ ဆက်ရှိနေရန် အခွင့်အရေးများလာခဲ့ပါတယ်။ နည်းပြ ကာရစ် ရောက်ရှိပြီးနောက် မန်ယူအသင်းက မန်စီးတီး နှင့် အာဆင်နယ်အသင်းတို့ကို အနိုင်ရခဲ့သည့်ပွဲစဉ်တွင် မိန်နူး က ပွဲထွက်ကစားခွင့်ရခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် မန်ယူအသင်းဘက်က အခုလိုစီစဉ်နေတာဖြစ်ပါတယ်။(NVS 008)

30 Jan

ADVERTISE HERE .