“ဆီမီးဖိုင်နယ်အဆင့်မှာ ဆုံတွေ့နေတဲ့ ဆင်နာ နှင့် ဂျိုကိုဗစ်”

30 Jan

ဩစတြေးလျအိုးပင်း အမျိုးသားတစ်ဦးချင်း ဆီမီးဖိုင်နယ်အဆင့်မှာ အီတလီတင်းနစ်သမား ဆင်နာ နဲ့ ဆားဘီးယား တင်းနစ်သမား ဂျိုကိုဗစ် တို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ ဆီဒင်အဆင့် (၂) ရထားတဲ့ ဆင်နာ ဟာ ရှဲလ်တန်နဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲမှာ အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားသွားခဲ့ပြီး ပြိုင်ဘက်ကို ဖိအားပေးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်အဆင့်အထိ ရောက်လာ ခဲ့တဲ့ ရှဲလ်တန် က အကောင်းဆုံးကြိုးစားခဲ့ပေမယ့် ဆင်နာရဲ့ တည်ငြိမ်တဲ့လက်စွမ်းကိုတော့ ယှဉ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ပွဲကစားချိန် ၂ နာရီနဲ့ ၂၃ မိနစ်အကြာမှာ ဆင်နာက ၆: ၃၊ ၆ : ၄၊ ၆ :၄ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့် ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ၂၀၂၄ နဲ့ ၂၀၂၅ ဩစတြေးလျအိုးပင်းပြိုင်ပွဲတွေမှာ ချန်ပီယံဆုတွေကို ရယူထားခဲ့တဲ့ ဆင်နာအတွက်တော့ ပြိုင်ပွဲရဲ့ချန်ပီယံဆုကို ၃ နှစ်ဆက် သိမ်းပိုက်နိုင်ဖို့ ပိုမိုနီးစပ်လာခဲ့တာလည်း ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဆင်နာ ဟာ ဩစတြေးလျအိုးပင်းပွဲစဉ်များတွင် ၂၃ ပွဲဆက်အနိုင်ရရှိခဲ့တာဖြစ်ပြီး ဂရင်းစလမ် ပြိုင်ပွဲ နောက်ဆုံး ၆ ပွဲဆက် ဆီမီးဖိုင်နယ် တက်ခွင့်ရတဲ့ ၅ ယောက်မြောက် ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ (NVS 008)

30 Jan

ADVERTISE HERE .