“တံကောက်ကြောဒဏ်ရာကြောင့် ၁၀ ပတ်ခန့် အနားယူရမယ့် ဒိုဂူ”

30 Jan

မန်ယူအသင်းရဲ့ တောင်ပံကစားသမား ဒိုဂူ ဟာ တံကောက်ကြောဒဏ်ရာကြောင့် ၁၀ ပတ်ခန့် အနားယူရ မယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် ဒိုဂူ ဟာ ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလမှာ လက်ချီအသင်းကနေ မန်ယူအသင်းကို ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ ၄၄ ပွဲကစားကာ ၃ ဂိုးသွင်းယူပေးထားပါတယ်။ ဒိုဂူ ဟာ လက်ရှိယာယီနည်းပြ ကာရစ် လက်ထက်မှာ နှစ်ပွဲဆက် ပွဲထွက်ကစားခွင့်ရခဲ့တဲ့အပြင် နှစ်ပွဲဆက်သွင်းဂိုးတစ်ဂိုးစီ သွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒိုဂူ ဟာ ညာဘက်တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာကြောင့် လူစားလဲခံခဲ့ရပြီး စမ်းသပ်စစ်ဆေးမှုတွေအရ ၁၀ ပတ်ဝန်းကျင် အနားယူရမယ်လို့ သိရပါတယ်။ (NVS 008)

30 Jan

ADVERTISE HERE .