“မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ချန်ပီယံအဆုံးအဖြတ်အဖြစ် ယှဉ်ပြိုင်ကြမယ့် ISPE နဲ့ ဧရာဝတီအသင်း”

30 Jan

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ချန်ပီယံအဆုံးအဖြတ်အဖြစ် လက်ရှိချန်ပီယံ ISPE အသင်းနဲ့ ဧရာဝတီအသင်းတို့ ဇန်နဝါရီလ ၃၁ ရက်၊ နေ့လည် ၃ နာရီခွဲမှာ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ပွဲအပြီးမှာ ဆုချီးမြှင့်ပွဲကိုပါ တစ်ပါတည်းပြုလုပ်သွားမယ်လို့ သိရပါတယ်။ လက်ရှိ ပွဲစဥ် (၁၇) အပြီးမှာ ဧရာဝတီအမျိုးသမီးအသင်းက ၁၅ ပွဲကစား၊ ၁၂ ပွဲနိုင်၊ ၃ ပွဲသရေ၊ ရှုံးပွဲမရှိ ရမှတ် ၃၉ မှတ်နဲ့ အမှတ်ပေးဇယားကိုထိပ်ဆုံးက ဦးဆောင်နေပြီး ISPE အသင်းကတော့ ၁၅ ပွဲကစား၊ ၁၁ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၁ ပွဲရှုံး၊ ရမှတ် ၃၆ မှတ်နဲ့ အမှတ်ပေးဇယားဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ (NVS 008)

30 Jan

ADVERTISE HERE .