“ယူရိုပါလိဂ်မှာ အက်စတွန်ဗီလာအသင်း ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး နော်တင်ဟမ်အသင်းက Play-offs ကစားရမည်”
30 Jan
ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် အင်္ဂလန်ကလပ် နှစ်သင်းစလုံး နိုင်ပွဲရရှိခဲ့ပေမယ့် အက်စတွန်ဗီလာအသင်းက ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ခဲ့ပြီး နော်တင်ဟမ် အသင်း ကတော့ Play-offs ကစားရမှာဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်းက ၇ ပွဲနိုင်၊ ၁ ပွဲရှုံးနဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး နော်တင်ဟမ် ကတော့ ရမှတ် ၁၄ မှတ်နဲ့ အဆင့်(၁၃)နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ယူရိုပါလိဂ် (၁၆)သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ခဲ့တဲ့ အသင်းတွေကတော့ လိုင်ယွန်၊ အက်စတွန်ဗီလာ၊ မစ်ဂျေးလန်း၊ ဘက်တစ်၊ ပေါ်တို၊ ဘရာဂါ၊ ဖရိုင်းဘတ်နဲ့ ရိုးမား တို့ဖြစ်ပါတယ်။ ဂျန့်၊ ဘိုလော့ဂ်နာ၊ စတုဂတ်၊ ဖယ်ရန်ဗယ်ရို့စ်၊ နော်တင်ဟမ်ဖောရက်စ်၊ ဗစ်တိုးရီးယားပါလ်ဇန်၊ ဇဗက်ဒါနဲ့ ဆယ်လ်တာဗီဂိုတို့က Play-offs အဆင့်ကို ဆီဒင်ရအသင်းတွေအဖြစ် တက်ရောက်ခွင့်ရခဲ့ပြီး လိုင်လီ၊ ဖီနာဘာချီ၊ ပါနာသီနိုင်းကို့စ်၊ ဆဲလ်တစ်၊ လူဒိုဂိုရတ်၊ ဒိုင်နမိုဇာဂရက်နဲ့ ဘရန်းတို့က Play-offs အဆင့်ကို ဆီဒင်မဲ့အသင်းတွေအဖြစ် တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ (NVS 008)