“မာဆေးလ်အသင်းနဲ့ နည်းပြ ဒီဇာဘီ တို့လမ်းခွဲဖွယ်ရှိနေ”

30 Jan

မာဆေးလ်အသင်းရဲ့နည်းပြ ဒီဇာဘီ ဟာ အသင်းကနေ နုတ်ထွက်စာတင်ထားပြီး လမ်းခွဲဖို့ စီစဉ်နေကြောင်း သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ ဒီဇာဘီ ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဆင့် (၂၅) နေရာသာရပ်တည်နိုင်ခဲ့ပြီး ရှုံးထွက်အဆင့်ကို တက်ရောက် နိုင်ခြင်းမရှိခဲ့တာကြောင့် လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ နောက်ဆုံးပွဲစဉ်ရလဒ်တွေကြောင့် မာဆေးလ်အသင်း တာဝန်ရှိသူတွေကလည်း ဒီဇာဘီ ရဲ့ စွမ်းဆောင်ရည်အပေါ် အပြစ်မြင်ခဲ့ကြကြောင်း သိရပါတယ်။ အသက် ၄၆ နှစ်သာရှိသေးတဲ့ အီတလီနည်းပြ ဒီဇာဘီ ဟာ ၂၀၂၄ ခုနှစ်မှာမှ မာဆေးလ်အသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူ ဖြစ်ပါတယ်။ ဒီဇာဘီ ဟာ မာဆေးလ်အသင်းကို ကိုင်တွယ်ခါစတုန်းကလည်း ရာထူးက နုတ်ထွက်ဖွယ်ရှိကြောင်း သတင်းထွက်ခဲ့ဖူးပြီး သူ့ကို နည်းပြအဖြစ် ခန့်အပ်လိုတဲ့ ကလပ်အသင်းများစွာ ရှိနေကြောင်းလည်း သိရပါတယ်။ (NVS 008)

30 Jan

ADVERTISE HERE .