“အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေးအမိန့်များ ဆက်လက်တည်ရှိ”
30 Jan
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေးအမိန့်များ ဆက်လက်တည်ရှိကြောင်းပါရှိတဲ့ ထုတ်ပြန်ချက် ၃ စောင်ကို ဇန်နဝါရီလ ၂၉ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၁ /၂၀၂၆ ဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်က ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၁/၂၀၂၅ နဲ့ထုတ်ပြန်ခဲ့သော တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မြို့နယ်များကို ကြေညာခဲ့တဲ့ အရေးပေါ်အခြေအနေအား ဇန်နဝါရီလ ၂၉ ရက်မှစ၍ နောက်ထပ်ရက်ပေါင်း ၉၀ အထိ အတည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၂/၂၀၂၆ နဲ့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ဥပဒေကဲ့သို့အာဏာတည်သောအမိန့် ၁/၂၀၂၆ နဲ့အရေးပေါ်အခြေအနေ ဆက်လက်တည်ရှိကြောင်း ကြေညာထားတဲ့ တိုင်းဒေသနှင့်ပြည်နယ်များမှ မြို့နယ်များမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)အရ စစ်အုပ်ချုပ်ရေးအမိန့်ကိုဆက်လက်ထုတ်ပြန်ခဲ့ပါတယ်။ လုပ်ပိုင်ခွင့်နှင့်တာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဆက်လက်အပ်နှင်းခဲ့၍ ယင်းလုပ်ပိုင်ခွင့် နှင့်တာဝန်များကို မိမိကိုယ်တိုင်ကျင့်သုံးဆောင်ရွက်ခြင်း(သို့)သင့်လျော်တဲ့ စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံး ဆောင်ရွက်စေခြင်းပြုနိုင်သည်ဟု ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက စစ်အုပ်ချုပ် ရေး အမိန့်အမှတ် ၁ /၂၀၂၆ ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်က ထုတ်ပြန် ခဲ့တဲ့ စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၁/၂၀၂၅ နှင့် စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂/၂၀၂၅ တို့မှာ ဆက်လက်အတည် ဖြစ်သည်ဟု ထုတ်ပြန်ခဲ့ပါတယ်။ (NVS 004)