“ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များရဲ့ ချီးမြှင့်ငွေနှင့် စရိတ်များကို တိုးမြှင့်ပေး”

30 Jan

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေအား ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ဇန်နဝါရီလ ၂၈ ရက်က ထုတ်ပြန်ထားပါတယ်။ အဆိုပါပြင်ဆင်တဲ့ ဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ ပြဋ္ဌာန်းတာဖြစ်ကြောင်း ထုတ်ပြန်ထားပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေ ပုဒ်မ ၆ တွင် ပါရှိသော “တည်းခိုနေထိုင်စရိတ် ကျပ် ၅,၀၀၀” ဆိုသည့် စကားရပ်ကို “ကျပ် ၈,၀၀၀”အဖြစ် လည်းကောင်း၊ “အခြားအသုံးစရိတ် ကျပ် ၅,၀၀၀” ကို “ကျပ် ၇,၀၀၀” အဖြစ် လည်းကောင်း အစားထိုးရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေ ပုဒ်မ ၈ တွင် ပါရှိသော “ကျပ် တစ်သောင်း” ဆိုတဲ့ စကားရပ်ကို “ကျပ်နှစ်သောင်း”ဆိုတဲ့ စကားရပ်နဲ့ အစားထိုးရမယ်လို့ ပြင်ဆင်ပြဋ္ဌာန်းလိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။ (NVS 004)

30 Jan

ADVERTISE HERE .