“ပြည်သူ့ရင်ပြင်မှာ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်မှာ ၅ ရက်တိုင်ကျင်းပမည်”

30 Jan

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို လာမယ့်ဖေဖော်ဝါရီလ ၈ ရက်မှ ၁၂ ရက် အထိ နေပြည်တော်ပြည်သူ့ရင်ပြင်မှာ ၅ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း၊ လုပ်ငန်း/စီးပွားချိတ်ဆက်မှု ပြခန်းမှာ သက်ဆိုင်ရာကဏ္ဍအလိုက် လာရောက်လေ့လာဆွေးနွေးနိုင်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ သိရပါတယ်။ အဆိုပါပွဲတော်ကာလအတွင်း ဝန်ကြီးဌာနအနေနဲ့ လုပ်ငန်း/စီးပွားချိတ်ဆက်မှု ပြခန်းဖွင့်လှစ်၍ ပို့ကုန်/ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်စေမယ့် လုပ်ငန်းစဉ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ MSME လုပ်ငန်းများ၊ သီလဝါ SEZ ၏ Promotion Zone အတွင်း ထုတ်လုပ်ရေးလုပ်ငန်းများ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များ၊ လက်လီ/လက်ကားရောင်းချသူများ၏ အချင်းချင်းချိတ်ဆက်မှုလုပ်ငန်းစဉ်များ၊ ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များ၊ အကောက်ခွန်ဦးစီးဌာနနှင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များအကြား လုပ်ငန်းစဉ်များ၊ ပို့ကုန်/ သွင်းလုပ်ငန်းရှင်များနှင့် နိုင်ငံတကာတွင်ရှိသော မြန်မာနိုင်ငံ၏ စီးပွားရေးသံမှူးများဖြင့် အွန်လိုင်းမှ ဆွေးနွေးနိုင်မည့် ဝန်ဆောင်မှုများ၊ မူပိုင်ခွင့်ဆိုင်ရာ သိသင့်သိထိုက်သည်များနှင့် ကုန်စည်ပြပွဲနှင့် သက်ဆိုင်သော ကိစ္စရပ်များအား ချိတ်ဆက်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်ဖြစ်လိုသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသေးစား၊ အငယ်စားနှင့်အလတ်စား MSME စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မိမိတို့၏ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင် ဆောင်ရွက်နိုင်ရေးအတွက် ပြပွဲကာလအတွင်း လုပ်ငန်း/စီးပွား ချိတ်ဆက်မှုပြခန်းမှာ သက်ဆိုင်ရာကဏ္ဍအလိုက် လာရောက်လေ့လာ ဆွေးနွေးခြင်းများ ဆောင်ရွက်နိုင်ကြောင်း ဝန်ကြီးဌာနမှ အသိပေးထားတာဖြစ်ပါတယ်။ (NVS 004)

30 Jan

ADVERTISE HERE .