“အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူအမည်စာရင်းများကို UEC ထုတ်ပြန်”
30 Jan
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ကြေညာချက်အမှတ်(၂၅/၂၀၂၆)နဲ့ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၉ ခုမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံရသူ ၇၉ ဦး၏အမည်စာရင်းကို ဇန်နဝါရီလ ၂၉ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး(မဲအများဆုံးရသူအနိုင်ယူစနစ်)တွင် USDP ပါတီမှ ၅ ဦး၊ ရန်ကုန်တိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်)မဲဆန္ဒနယ်အမှတ်(၁)တွင် USDP ပါတီမှ ၁ ဦး၊ ပြည်သူ့ပါတီမှ ၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်)မဲဆန္ဒနယ်အမှတ်(၂)တွင် USDPပါတီမှ ၁ ဦး၊ ပြည်သူ့ပါတီမှ ၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီး (အချိုးကျကိုယ် စားပြုစနစ်)မဲဆန္ဒနယ်အမှတ်(၃)တွင် USDP ပါတီမှ ၁ ဦး၊ ပြည်သူ့ပါတီမှ ၁ ဦးတို့ကို ရွေးကောက်တင် မြှောက်ခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး(မဲအများဆုံးရသူအနိုင်ယူစနစ်)တွင် USDP ပါတီမှ ၆ ဦး၊ ဧရာဝတီတိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်)မဲဆန္ဒနယ်အမှတ်(၁)တွင် USDP ပါတီမှ ၂ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၁ ဦး၊ ဧရာဝတီတိုင်းဒေသကြီး(အချိုးကျကိုယ်စားပြုစနစ်)မဲဆန္ဒနယ်အမှတ်(၂)တွင် USDP ပါတီမှ ၂ ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ၁ ဦးတို့ကို ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။ ကချင်ပြည်နယ်(မဲအများဆုံးရသူအနိုင်ယူစနစ်)တွင် USDP ပါတီမှ ၂ ဦး၊ ကချင်ပြည်နယ်(အချိုးကျကိုယ်စား ပြုစနစ်)မဲဆန္ဒနယ်အမှတ်(၁)တွင် USDP ပါတီမှ ၂ ဦး၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦး၊ ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ၁ ဦး၊ ကရင်ပြည်နယ်(မဲအများဆုံးရသူအနိုင်ယူစနစ်)တွင် USDP ပါတီမှ ၂ ဦး၊ ကရင်ပြည်နယ်(အချိုးကျကိုယ်စားပြုစနစ်)မဲဆန္ဒနယ်အမှတ်(၁)တွင် USDP ပါတီမှ ၂ ဦး၊ ကရင်အမျိုးသား ဒီမိုကရက် တစ်ပါတီမှ ၂ ဦး၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ၁ ဦး၊ ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီမှ ၁ ဦးတို့ ရွေးကောက်တင် မြှောက်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး(မဲအများဆုံးရသူအနိုင်ယူစနစ်)တွင် USDP ပါတီမှ ၁ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်)မဲဆန္ဒနယ်အမှတ်(၁)တွင် USDP ပါတီမှ ၁ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၁ ဦး၊ တနင်္သာရီတိုင်းဒေသကြီး(မဲအများဆုံးရသူအနိုင်ယူစနစ်)တွင် USDP ပါတီမှ ၃ ဦး၊ တနင်္သာရီတိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်)မဲဆန္ဒနယ်အမှတ်(၁)တွင် USDP ပါတီမှ ၃ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၂ ဦး၊ ပြည်သူ့ပါတီမှ ၁ ဦးတို့ကို ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။ ပဲခူးတိုင်းဒေသကြီး(မဲအများဆုံးရသူအနိုင်ယူစနစ်)တွင် USDP ပါတီမှ ၅ ဦး၊ ပဲခူးတိုင်းဒေသကြီး (အချိုးကျ ကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၁)တွင် USDP ပါတီမှ ၂ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၁ ဦး၊ ပဲခူးတိုင်းဒေသကြီး(အချိုးကျကိုယ်စားပြုစနစ်)မဲဆန္ဒနယ်အမှတ်(၂)တွင် USDP ပါတီမှ ၂ ဦး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ၁ ဦး၊ မန္တလေးတိုင်းဒေသကြီး(မဲအများဆုံးရသူအနိုင်ယူစနစ်)တွင် USDP ပါတီမှ ၅ ဦး၊ မန္တလေး တိုင်းဒေသကြီး(အချိုးကျကိုယ်စားပြုစနစ်)မဲဆန္ဒနယ်အမှတ်(၁)တွင် USDP ပါတီမှ ၁ ဦး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ၁ ဦး၊ မန္တလေးတိုင်းဒေသကြီး(အချိုးကျကိုယ်စားပြုစနစ်)မဲဆန္ဒနယ်အမှတ်(၂)တွင် USDP ပါတီမှ (၁)ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၁ ဦး၊ မန္တလေးတိုင်းဒေသကြီး(အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ် အမှတ်(၃)မှာ USDP ပါတီမှ ၁ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၁ ဦးတို့ ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။ ရှမ်းပြည်နယ်(မဲအများဆုံးရသူအနိုင်ယူစနစ်)တွင် USDP ပါတီမှ ၁ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီမှ ၁ ဦး၊ ရှမ်းပြည်နယ်(အချိုးကျကိုယ်စားပြုစနစ်)မဲဆန္ဒနယ်အမှတ်(၁)တွင် USDP ပါတီမှ ၁ ဦး၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီမှ ၁ ဦး၊ ရှမ်းပြည်နယ်(အချိုးကျကိုယ်စားပြုစနစ်)မဲဆန္ဒနယ်အမှတ်(၂)တွင် USDP ပါတီမှ ၁ ဦး၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)မှ ၁ ဦး၊ ရှမ်းပြည်နယ်(အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ် အမှတ်(၃)တွင် USDP ပါတီမှ ၂ ဦးတို့ရွေးကောက်တင်မြှောက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာပါတယ်။ (NVS 004)