“သရက်ရာသီ နီးကပ်လာသော်လည်း ပင်ပြတ်ဝယ်ယူမှုနည်းပါးနေ”

30 Jan

သရက်သီးရာသီ နီးကပ်လာသော်လည်း သရက်ခြံများမှာ ပင်ပြတ်ဝယ်ယူမှုများ မရှိသလောက်နည်းပါးလျက် ရှိကြောင်း ခြံစိုက်တောင်သူများမှ သိရပါတယ်။ ယခင်က တရုတ်ဈေးကွက်သို့တင်ပို့ရောင်းချရန်အတွက် သရက်ပင်များကို ရာသီကာလမတိုင်မီကတည်းက ကြိုတင်၍ ပင်ပြတ်ဝယ်ယူမှုများရှိခဲ့ပါတယ်။ ယခုအခါလမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ခြံပြတ် ဝယ်ယူသူ နည်းပါးလာခြင်းဖြစ်ကြောင်း သိရပါတယ်။ တရုတ်ကုန်သွယ်ရေးလမ်းကြောင်းများ အကျပ်အတည်းရှိတဲ့အတွက် သရက်ဝယ်ယူမှုများ လျော့နည်းလာခဲ့ပါ တယ်။ ယခုလိုသရက်ဝယ်ယူမှုများ လျော့နည်းလာခြင်းကြောင့် တောင်သူများအနေနဲ့ ဝင်ငွေပိုင်းဆိုင်ရာ ထိခိုက်မှု ကြီးမားကြောင်း သိရပါတယ်။ ယခင်က သရက်ပင်တစ်ပင်လျှင်အနည်းဆုံး ကျပ် ၁၀ သိန်းမှ သိန်း ၂၀ ကြားအထိရှိပြီး တောင်သူတစ်ဦးကို တစ်နှစ်စာအတွက် ပျမ်းမျှကျပ်သိန်းရာနှင့်ချီကာ ဝင်ငွေရကြောင်း သိရပါတယ်။ (NVS 004)

30 Jan

ADVERTISE HERE .