“မာတီတာ ကို ပေါင် ၃၅ သန်းနဲ့ကမ်းလှမ်းခဲ့တဲ့ နော်တင်ဟမ်အသင်း”

29 Jan

ပဲလေ့စ်အသင်းကနေ ထွက်ခွာခွင့်တောင်းခံထားတဲ့ ပြင်သစ်တိုက်စစ်မှူး မာတီတာ ကို ပရီးမီးယားလိဂ် ပြိုင်ဘက် နော်တင်ဟမ်ဖောရက်စ်အသင်းက ပေါင် ၃၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် မာတီတာနဲ့ ပဲလေ့စ်အသင်းတို့စာချုပ်က ၁၈ လ ကျန်သေးပြီး ကစားသမားဘက်က အသင်းကနေ ထွက်ခွာဖို့အတွက် တောင်းဆိုထားတာဖြစ်ပါတယ်။ ပဲလေ့စ်အသင်းက မာတီတာ နေရာကို အစားထိုးဖို့အတွက် ခက်ခဲနိုင်တဲ့အတွက် ရောင်းချဖို့ဆန္ဒမရှိပေမယ့် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ လောက်ရရင်တော့ မာတီတာ ကို လက်လွှတ်ဖွယ်ရှိနေပါတယ်။ မာတီတာ ကို ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ဂျူဗင်တပ်အသင်းက ကမ်းလှမ်းခဲ့ပေမယ့် ပဲလေ့စ်အသင်းဘက်က ပယ်ချခဲ့ပါတယ်။ နော်တင်ဟမ်အသင်းရဲ့ ထပ်မံကမ်းလှမ်းမှုကလည်း ပဲလေ့စ်အသင်းလိုချင်တဲ့ဈေးနဲ့ ကွာဟနေတဲ့အတွက် သဘောတူညီမှုရဖို့ ခက်ခဲနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ (NVS 008)

29 Jan

ADVERTISE HERE .