“လက်ကျန် ၄ လကို ဆုဖလားတွေရယူနိုင်ဖို့ အစွမ်းကုန်ကြိုးစား ဖြတ်သန်းသွားမယ်လို့ဆိုတဲ့ အာတေတာ”
29 Jan
အာဆင်နယ်နည်းပြ အာတေတာ က ရာသီလက်ကျန် ၄ လကို ဆုဖလားတွေရယူဖို့ဆိုတဲ့ ခံယူချက်နဲ့ အစွမ်းကုန်ကြိုးစား ဖြတ်သန်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး အိမ်ကွင်းမှာ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ချန်ပီယံဆုအတွက် အနီးကပ်ဆုံးပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီးနဲ့ အက်စတွန်ဗီလာတို့ကို ၄ မှတ်ဖြတ်ထားနိုင်ဆဲ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ရာနှုန်းပြည့်အနိုင်ရလဒ်နဲ့ ထိပ်ဆုံးမှာရပ်တည်နေပြီး လိဂ်ဖလားမှာ ဆီမီးဖိုင်နယ်ပထမအကျော့ အနိုင်ရထားသလို FA ဖလားမှာ စတုတ္ထအဆင့် ရောက်ရှိနေပါတယ်။ ဒါကြောင့် အာတေတာ က လတ်တလောမှာ ရလဒ်တွေမကောင်းပေမယ့် လာမယ့်(၄)လမှာ ယုံကြည်ချက် အပြည့်နဲ့ ဖြတ်သန်းသွားမှာဖြစ်ကြောင်း ပြောကြားခဲ့တာဖြစ်ပြီး ပရိသတ်တွေအနေနဲ့လည်း ပျော်ရွှင်စွာလိုက်ပါ ဖြတ်သန်းဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)