“ONE Friday Fights 140 မှာ မြန်မာဖိုက်တာနှစ်ဦးရဲ့ ခေါင်ပွဲစဉ်နဲ့ ကျင်းပမည်”
29 Jan
ONE Friday Fights 140 ပြိုင်ပွဲမှာ မြန်မာဖိုက်တာနှစ်ဦးဖြစ်တဲ့ သွေးလင်းထက်နဲ့ ဆွန်ရက် တို့ကို ခေါင်ပွဲစဉ်တွေအဖြစ် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။ ONE Friday Fights 140 ပြိုင်ပွဲကို ဇန်နဝါရီလ ၃၀ ရက်၊ သောကြာညမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံမှာ ကျင်းပမှာ ဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲမှာ တွဲဆိုင်းပေါင်း (၁၄) ဆိုင်းအထိ ထည့်သွင်းကျင်းပမှာ ဖြစ်ပြီး မြန်မာဖိုက်တာနှစ်ဦးက နောက်ဆုံးတွဲဆိုင်းတွေရောက်မှ ထိုးသတ်ကြရမှာဖြစ်ပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့သမား သွေးလင်းထက် က ထိုင်းဖိုက်တာ ကောင်ချိုင်း နဲ့ ထိုးသတ်သွားမှာ ဖြစ်ပါတယ်။ သွေးလင်းထက် ဟာ ONE Championship မှာ ၇ ပွဲထိုးသတ်ထားပြီး ၅ ပွဲနိုင်၊ ၂ ပွဲရှုံးနိမ့်ထားပါတယ်။ သွေးလင်းထက် အနိုင်ရခဲ့တဲ့ ၅ ပွဲမှာ အလဲထိုးနိုင်ပွဲ ၃ ပွဲအထိ ပါဝင်နေပါတယ်။ ထိုင်းဖိုက်တာ ကောင်ချိုင်း က ONE Championship မှာ ၁၅ ပွဲထိုး၊ ၉ ပွဲနိုင်၊ ၆ ပွဲရှုံးနိမ့်ထားပါတယ်။ မြန်မာဖိုက်တာ ဆွန်ရက် က ထိုင်းဖိုက်တာ ဘူခီယို နဲ့ ဒုခေါင်တွဲဆိုင်းအဖြစ် ယှဥ်ပြိုင်ထိုးသတ်ရမှာ ဖြစ်ပါ တယ်။ ဆွန်ရက် ဟာ ONE Championship မှာ ၁၄ ပွဲထိုးသတ်ထားပြီး ၈ ပွဲနိုင်၊ ၆ ပွဲရှုံးနိမ့်ထားပြီး ၈ ပွဲထိုး၊ ၆ ပွဲနိုင်၊ ၂ ပွဲရှုံးနိမ့်ထားပါတယ်။ (NVS 008)