“ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်များကို ဖေဖော်ဝါရီလတတိယအပတ်မှာ စတင်ယှဉ်ပြိုင်ကစားရမည်”
29 Jan
ချန်ပီယံလိဂ် League phase အဆင့် ပြီးဆုံးခဲ့ပြီး အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်၊ လီဗာပူးလ်၊ စပါး၊ ဘာစီလိုနာ၊ ချဲလ်ဆီး၊ စပို့တင်းလစ္စဘွန်းနဲ့ မန်စီးတီးအသင်းတို့က (၁၆) သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့် ရခဲ့ပါတယ်။ knockout phase play-offs အဆင့်မှာ အဆင့် (၉) ကနေ (၁၆) အထိ အသင်းများဖြစ်တဲ့ ရီးရဲလ်အသင်း၊ အင်တာမီလန်၊ PSG၊ နယူးကာဆယ်၊ ဂျူဗင်တပ်စ်၊ အက်သလက်တီကို၊ အတ္တလန်တာ၊ လေဗာကူဆင်အသင်းတွေက ဆီဒင်ရအသင်းများ ဖြစ်ပါတယ်။ အဆိုပါရှစ်သင်းဟာ ဆီဒင်မရတဲ့ အဆင့် (၁၇) ကနေ (၂၄) အတွင်းက ဒေါ့မွန်၊ အိုလံပီယာကော့စ်၊ ကလပ် ဘရုဂေး၊ ဂါလာတာစာရေး၊ မိုနာကို၊ ကာရာဘတ်၊ ဘိုဒယ်ဂလင့်၊ ဘင်ဖီကာအသင်းတွေနဲ့ play-offs ကစားရမှာ ဖြစ်တယ်။ knockout phase play-offs အဆင့်ကို ဇန်နဝါရီလ ၃၀ ရက်မှာရေးဆွဲပြီး ဖေဖော်ဝါရီလ ၁၇ နှင့် ၁၈ ရက်မှာ ပထမအကျော့နဲ့ ဖေဖော်ဝါရီလ ၂၄ နှင့် ၂၅ ရက်မှာ ဒုတိယအကျော့အဖြစ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ (NVS 008)