“ဒူဘိုင်းမြို့ နိုင်ငံတကာစားသောက်ကုန်ပြပွဲသို့ မြန်မာနိုင်ငံမှပါဝင်ပြသခဲ့”
29 Jan
Dubai World Trade Center မှာ ကျင်းပနေသည့် Gulfood 2026 မှာ မြန်မာနိုင်ငံမှ ထုတ်ကုန်များကို နိုင်ငံတကာစျေးကွက်သို့ ထိုးဖောက်တင်ပို့နေတဲ့ Asia Winner Industrial Ltd. ၏ ပြခန်းလည်း ပါဝင်ပြသခဲ့ပါတယ်။ အဆိုပါစားသောက်ကုန်ပြပွဲကို ဇန်နဝါရီလ ၂၆ ရက် မှ ၃၀ ရက်အထိ ဒူဘိုင်းမြို့၊ Dubai World Trade Center ရှိ Sheikh Saeed ခန်းမမှာ နိုင်ငံတကာမှ ထုတ်လုပ်တဲ့ ထုတ်ကုန်များကို ပြပွဲအဖြစ် ခင်းကျင်းပြသကာ ကျင်းပနေခြင်း ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ ထုတ်လုပ်၍ ရောင်းချနိုင်ရန် ပြသနေတဲ့ ထုတ်ကုန်ပစ္စည်းများပြပွဲမှာ မြန်မာ့ ထုတ်ကုန်များကို ဂုဏ်ယူစွာ ထိုးဖောက်ပြသလျက်ရှိပြီး စျေးကွက်ရရှိရေး ကြိုးစားဆောင်ရွက်နေသော Asia Winner Industrial Ltd ၏ မြန်မာ့ထုတ်ကုန်ပြခန်း Booth No: S-A3 သို့ အာရပ်စော်ဘွားများပြည်ထောင်စုဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်းနှင့် သံအမတ် ဦးကျော်သူငြိမ်း တို့ လာရောက်ကြည့်ရှု့အားပေးခဲ့ကြပါတယ်။ (NVS 004)