“စစ်တွေလေဆိပ်မှာ CCTV ကင်မရာများ တပ်ဆင်ရန် တင်ဒါခေါ်ယူနေ”
29 Jan
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်မှာ CCTV ကင်မရာများ တပ်ဆင်ခြင်းလုပ်ငန်းများအတွက် ကန့်သတ်မှုမရှိသော တင်ဒါတင်သွင်းနိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။ အဆိုပါလုပ်ငန်းကို ရခိုင်ပြည်နယ်အစိုးရဖွဲ့ရုံး၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်စိတ်ပါဝင်စားတဲ့ကုမ္ပဏီ/လုပ်ငန်းရှင်များအတွက် တင်ဒါပုံစံလျှောက်လွှာများကို ဇန်နဝါရီလ ၂၇ရက် မှစတင်ကာ လာမယ့် ဖေဖော်ဝါရီလ ၉ ရက်အထိ ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ရောင်းချပေးလျက်ရှိပါတယ်။ အဆိုပါ CCTV ကင်မရာများတပ်ဆင်ခြင်းလုပ်ငန်းများအတွက် တင်ဒါနောက်ဆုံးတင်သွင်းရက်ကို ဖေဖော်ဝါရီလ ၉ ရက်ညနေ ၄ နာရီအထိ သတ်မှတ်ထားကာ အသေးစိတ်အချက်အလက်များကို ပြည်နယ်အစိုးရ အဖွဲ့ရုံး လက်ထောက် ညွှန်ကြားရေးမှူးထံသို့ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။ (NVS 004)
29 Jan