“လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်တွင် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ညံရိုးမီးပူဇော်ပွဲ ကျင်းပမည်”

29 Jan

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်တွင် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲနှင့် ညံရိုးမီးပူဇော်ပွဲကို ဇန်နဝါရီလ ၃၁ ရက်တွင် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ကြောင်း လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရပါတယ်။ အဆိုပါ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ညံရိုးမီးပူဇော်ပွဲကို လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်တွင် နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ်တွင် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲမှာ ၂၄ ကြိမ်မြောက်ခဲ့ပြီဖြစ်ပြီး ညံရိုးမီးပူဇော်ပွဲမှာ ၁၀၂ ကြိမ်မြောက်ဖြစ်ကြောင်း သိရပါတယ်။ ပွဲတော်ကျင်းပရာတွင် ဇန်နဝါရီလ ၃၁ ရက် မနက် ၇ နာရီ မဟာဗောဓိရင်ပြင်တော်ပေါ်မှာ ထမနဲထိုးပြိုင်ပွဲကို ကျင်းပသွားမှာဖြစ်ပြီး ရွှေဆံတော်ဝေယျာဝစ္စအဖွဲ့ခြောက်ဖွဲ့နဲ့ ရွှေဆံတော်ဝန်ထမ်းအဖွဲ့တစ်ဖွဲ့တို့ ပါဝင်ယှဉ်ပြိုင် ကြမှာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်(တပို့တွဲလပြည့်နေ့) မနက်ပိုင်းအရုဏ်တက်ချိန်မှာတော့ ညံရိုးမီးပူဇော်ပွဲနဲ့ မြတ်စွာဘုရားကို ထမနဲဆွမ်းကပ်လှူကာ တောင်ဘက်စောင်းတန်းအနီး ဝလေးလုံး စေတီတော် အောက်ဘက်မှာလဲ မနက် ၄ နာရီကစပြီး ဘုရားဖူးလာပြည်သူတွေက ညံရိုး ကိုယ်စီကိုင်ဆောင်ကာ မီးပူဇော်ခြင်းများ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ (NVS 004)

29 Jan

ADVERTISE HERE .