“ကိုရီးယား-မြန်မာ နှစ် ၅ဝ ပြည့်လွန် ချစ်ကြည်ရေးဂီတပွဲတော်ဖျော်ဖြေပွဲ ကျင်းပမည်”

29 Jan

ကိုရီးယား-မြန်မာ နှစ် ၅၀ ပြည့်လွန် ချစ်ကြည်ရေးဂီတပွဲတော်ကို ဖေဖော်ဝါရီလ ၂၈ ရက်၊ ညနေ ၆ နာရီမှ စတင်၍ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းရှိ သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ဂီတပွဲတော်ဖျော်ဖြေပွဲနှင့်ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲကို ဇန်နဝါရီလ ၂၆ ရက်က ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အလုံလမ်းရှိဆမ်းမစ်ပတ်ဗျုးဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပြီး ကိုရီးယားနိုင်ငံမှ ပွဲစီစဉ်သူ Cho Sung-Woo နှင့် မြန်မာနိုင်ငံမှ အဆိုတော် ရတနာမိုင်တို့က ပါဝင်ဖျော်ဖြေကြမည့် အစီအစဉ်များကို ပြောကြားခဲ့ပါတယ်။ ကိုရီးယား-မြန်မာ ချစ်ကြည်ရေးဂီတဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံမှ အဆိုတော် လွှမ်းပိုင်၊ ရတနာမိုင်၊ DJ အဖွဲ့ နှင့်အတူ ကိုရီးယားနိုင်ငံမှ အနုပညာရှင် အဆိုတော်များ ပါဝင်ပူးပေါင်းဖျော်ဖြေသွားမှာဖြစ်ပါတယ်။ ဖျော်ဖြေပွဲတော်မှ ရရှိသော ငွေကြေးများကိုလည်း ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သောမြေငလျင်ဒဏ်ခံခဲ့ရသည့် ပြည်သူ များအား လှူဒါန်းသွားမှာဖြစ်ပြီး ဂီတပွဲတော်လက်မှတ်များကို ငွေကျပ် တစ်သိန်း၊ ခုနှစ်သောင်း၊ ခြောက်သောင်း၊ လေးသောင်း အသီးသီးဖြင့် CSC Myanmar facebook page တွင် ရောင်းချသွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

29 Jan

ADVERTISE HERE .