“သန်လျင်ကျိုက်ခေါက်စေတီကြီး၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်မည်”

29 Jan

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ် ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပမည့် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲကို ဇန်နဝါရီလ ၃၀ ရက် နံနက်ပိုင်းတွင် စေတီတော်ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ဆရာတော်ကြီးများက အနေကဇာတင်တော်မူကြပြီး အသံမစဲမဟာပဋ္ဌာန်းကျမ်း မြတ်ပူဇော်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလ ၁ ရက် မွန်းလွဲ ၃ နာရီတွင် စေတီတော်ရင်ပြင်၌ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော် ၃၆ ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားကို ကျင်းပသွားမှာဖြစ်ပါတယ်။ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင်ကျိုက်ခေါက်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကြီးမှာ ရွှေသင်္ကန်း ကပ်လှူပွဲ၊ ဆွမ်းတော်ကြီးတင်လှူပွဲ၊ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ ကျင်းပ ပြုလုပ်သွားမှာဖြစ်လို့ ရပ်နီးရပ်ဝေးမှ ပါဝင်ကုသိုလ်ပြုလှူဒါန်းလိုကြသည့် အလှူရှင်များအနေနဲ့ ဖုန်း ၀၉-၄၂၀၁၈၉၆၄၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)

29 Jan

ADVERTISE HERE .