“ရွှေတိဂုံစေတီတော်သို့ ၂၀၂၅ ခုနှစ်အတွင်း ပြည်တွင်း/ပြည်ပဘုရားဖူးဧည့်သည် ၆ ဒသမ ၉ သန်းကျော် လာရောက်ဖူးမြော်”
29 Jan
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ တစ်နှစ်တာ ကာလအတွင်း ပြည်တွင်း/ပြည်ပဘုရားဖူးဧည့်သည် ၆ ဒသမ ၉ သန်းကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့ထံမှ သိရပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း ဘုရားဖူးဝင်ရောက်မှုအနေနဲ့ သံဃာတော် ၁၃၀,၉၈၇ ပါး၊ သာသနာ့နွယ်ဝင် သီလရှင် ၆၆,၇၄၉ ပါး၊ အမျိုးသား ၃,၀၃၃,၉၃၃ ဦး၊ အမျိုးသမီး ၃,၆၄၉,၄၂၃ ဦး၊ နိုင်ငံခြားသား ၃၆,၇၃၆ ဦး၊ နိုင်ငံခြားသူ ၃၉,၈၆၉ ဦး စုစုပေါင်း ၆,၉၅၇,၆၉၇ ဦး ဝင်ရောက်ခဲ့ပါတယ်။ ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးဝင်ရောက်မှုအနေနဲ့ ရုံးဖွင့်ရက်များတွင် တစ်ရက်လျှင် အနည်းဆုံးတစ်သောင်း ဝန်းကျင်ဝင်ရောက်ခဲ့ပြီး အစိုးရရုံးပိတ်ရက်များနှင့် အခါကြီးရက်ကြီးများတွင် ပို၍များကာလအလိုက်ဘုရားဖူး ဝင်ရောက်မှု အများဆုံးရက်များမှာ ဇန်နဝါရီလ ၁ ရက်တွင် ၄၂,၆၁၄ ဦး၊ ဖေဖော်ဝါရီလ ၉ ရက်(တနင်္ဂနွေနေ့)တွင် ၄၄,၅၉၀ ဦး၊ မတ်လ ၁၃ ရက်(တပေါင်းလပြည့်နေ့)တွင် ၁၀၆,၉၄၉ ဦး၊ ဧပြီလ ၁၇ ရက်(မြန်မာနှစ်ဆန်း တစ်ရက်နေ့)တွင် ၁၀၃,၀၉၆ ဦး၊ မေလ ၁၁ ရက်(ကဆုန်လပြည့်နေ့)တွင် ၁၆၆,၃၅၀ ဦး၊ ဇွန်လ ၂၉ ရက် (တနင်္ဂနွေနေ့)တွင် ၄၅,၉၁၅ ဦး ဖူးမြော်ခဲ့ကြကြောင်းသိရပါတယ်။ ထို့အတူ ဇူလိုင်လ ၉ ရက်(ဝါဆိုလပြည့်နေ့)တွင် ၁၂၈,၁၆၂ ဦး၊ ဩဂုတ်လ ၈ ရက်(ဝါခေါင်လပြည့်နေ့) တွင် ၆၃,၉၃၄ ဦး၊ စက်တင်ဘာလ ၇ ရက်(တနင်္ဂနွေနေ့) တွင် ၅၅,၈၀၈ ဦး၊ အောက်တိုဘာလ ၆ ရက် (သီတင်း ကျွတ်လပြည့်နေ့)တွင် ၁၉၀,၀၆၃ ဦး၊ နိုဝင်ဘာလ ၄ ရက်(တန်ဆောင်မုန်းလပြည့်နေ့)တွင် ၄၁,၇၂၅ ဦး၊ ဒီဇင်ဘာလ၂၁ ရက်(တနင်္ဂနွေနေ့)တွင် ၃၂,၈၇၉ ဦး ဖြင့် လအလိုက်အများဆုံးဝင်ရောက်ခဲ့ကြပါတယ်။ ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့က ရပ်နီးရပ်ဝေးမှ ဘုရားဖူးများ စိတ်အေးချမ်းသာစွာ ဖူးမြော် ကြည်ညိုနိုင်စေရန် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်မှစကာ ဘုရားဖူးမြော်ချိန်ကို နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ တိုးမြှင့် ဖွင့်လှစ်ပေးထားခဲ့ပါတယ်။ (NVS 004)