“ချန်ပီယံဆုကို ပစ်မှတ်ထားနေတယ်လို့ဆိုတဲ့ ဆာဘာလန်ကာ”

28 Jan

ကမ္ဘာ့အဆင့် (၁) ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာ က ဩစတြေးလျအိုးပင်းမှာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခွင့်ရပြီးနောက် ချန်ပီယံဆုကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဆာဘာလန်ကာ ဟာ အခုနှစ်ဩစတြေးလျအိုးပင်း အမျိုးသမီးတစ်ဦးချင်း ကွာတားဖိုင်နယ်မှာ အမေရိကန် ဆယ်ကျော်သက် တင်းနစ်မယ် ဂျိုဗစ် နဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ဆာဘာလန်ကာ အတွက် အခက်အခဲမရှိတဲ့ ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ပွဲကစားချိန် ၈၉ မိနစ်သာ ကြာမြင့်ခဲ့ပြီးနောက် ဆာဘာလန်ကာက ၆ : ၃၊ ၆ : ၀ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်ခွင့်ရသွားတာဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဆာဘာလန်ကာ အနေနဲ့ သူမပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဂရင်းစလမ်ပြိုင်ပွဲ (၁၇) ကြိမ်မှာ ဆီမီးဖိုင်နယ်အဆင့်ကို (၁၄) ကြိမ်မြောက်အဖြစ်တက်ရောက်ခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။ (NVS 008)

28 Jan

ADVERTISE HERE .